#Local_News
နေပြည်တော်၊ အောက်တိုဘာ ၂၉
■ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ လူသားချင်းစာနာမှုခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ခရီးစဉ်ပထမနေ့တွင် တောင်ကြီးမြို့နှင့်တောင်ကြီးမြို့နယ်အတွင်း အကူအညီပေးအပ်နေမှုများကို လေ့လာကြည့်ရှုခဲ့သည်။
■ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် AHA Centre ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံတမန်များ ပါဝင်သည့် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (AMT) နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့် တောင်ကြီးမြို့နယ် ညိုမီးဘုရားကုန်းကျေးရွာတို့သို့ သွားရောက်ခဲ့ကြသည်။
■ အဆိုပါနေရာများ၌ AHA Centre က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် အကူအညီလိုအပ်သူများထံ ဆန်၊ မိသားစုသုံးပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်နေမှုကို လေ့လာကြည့်ရှုခဲ့ကြသည်။
■ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
■ တောင်ကြီးခရီးစဉ်အပြီး ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။
#YMG #Yangon_Times #Yangon_Media_Group