#Local_News
Published 26 November 2026
■ ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်က ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ်များကို လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်မှာ ဒီဇင်ဘာ ၁ ရက်ဖြစ်ကြောင်း အသိပေးထားသည်။
■ အဆိုပါအစီအစဉ်များကို စိတ်ဝင်စားသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁ ရက် (အင်္ဂါနေ့) မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ နောက်ဆုံးထား၍ လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ချိန်ကျော်လွန်မှ ပေးပို့လာသည့် လျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း သိရသည်။
■ အစီအစဉ်အသေးစိတ်နှင့် လျှောက်ထားရန်လိုအပ်သည့် စာရွက်စာတမ်းများကို ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာ၊ ဒေါင်းလုဒ်ရယူနိုင်သည်။
■ လျှောက်လွှာများကို ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်၏ သတ်မှတ်ထားသည့် လျှောက်ထားမှုစနစ်မှတစ်ဆင့်သာ တင်သွင်းရမည်ဖြစ်ပြီး ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ အီးမေးလ်ဖြင့်ဖြစ်စေ၊ စာရွက်စာတမ်းဖြင့်ဖြစ်စေ ပေးပို့လျှောက်ထားခြင်းကို လက်ခံမည်မဟုတ်ကြောင်း အသိပေးထားသည်။
■ အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ ဖုန်း ၀၁-၄၃၀၉၂၀/၁ သို့မဟုတ်
#YMG/SW #Yangon_Times