#Local_News
Published 26 November 2026

■ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှ ဒူးဒဏ်ရာရရှိထားသည့် ကစားသမားနှစ်ဦးအနက် တိုက်စစ်မှူး စန်းသော်သော်မှာ ခွဲစိတ်ကုသရန် မလိုအပ်တော့ဘဲ နောက်တန်းကစားသမား ဖြူဖွေးမှာမူ ဒီဇင်ဘာ ၂ ရက်တွင် ဘန်ကောက်မြို့၌ ခွဲစိတ်ကုသမှု ခံယူသွားမည်ဖြစ်ကြောင်း သိရသည်။

■ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဒူးဒဏ်ရာရရှိထားသည့် ကစားသမားနှစ်ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bangkok Hospital ၏ Bangkok Academy of Sports and Exercise Medicine Center တွင် ဆေးစစ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။

■ နောက်ဆုံးဆေးစစ်ချက်အရ စန်းသော်သော်တွင် ဒူးရှေ့ပိုင်းအရွတ်နှင့် ဒူးအတွင်းရှိ အရိုးနုများ ထိခိုက်ဒဏ်ရာမရှိဘဲ ဒူးခေါင်းနှင့် ပေါင်ရိုးဆုံသည့်နေရာတွင်သာ ပြဿနာရှိနေသဖြင့် ခွဲစိတ်ရန်မလိုအပ်ကြောင်း သိရသည်။

■ ၎င်းအနေဖြင့် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ကုသမှုများနှင့် သတ်မှတ်လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်။

■ နောက်တန်းကစားသမား ဖြူဖွေးမှာမူ ခွဲစိတ်ကုသရန် လိုအပ်သည့်အတွက် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင် ဘန်ကောက်မြို့၌ ခွဲစိတ်မှုခံယူမည်ဖြစ်သည်။

■ ထို့ပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၁ ရက်နှင့် ၄ ရက်တို့တွင် ဟောင်ကောင်အမျိုးသမီးအသင်းနှင့် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။

#YMG/SW #Yangon_Times