#Local_News
Published 10 October 2026
■ အစိုးရအဖွဲ့သစ်သက်တမ်း(၆)လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများစတင်ပြုလုပ်နေရာ ယနေ့ အောက်တိုဘာ ၁၀ရက်နေ့တွင်လည်း ဒုတိယဝန်ကြီးများခန့်အပ်ခြင်း၊ ဒုတိယဝန်ကြီးများအား နေရာ ပြောင်းရွှေ့တာဝန်ပေးခြင်းအပါအဝင် ပြောင်းလဲမှုအချို့ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။
■ ၁။ အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်ထင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကို အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသို့လည်းကောင်း ပြောင်းလဲတာဝန်ပေးသည်။
■ ၂။ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်ပြောင်းလဲတာဝန်ပေး သည်။
■ ၃။ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။
■ ၄။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းကို နေပြည်တော်ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။
■ ၅။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဝင်းမောင်သိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာတင်ထွန်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာနေသွယ်ကြည်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးကျော်သူတို့ကိုခန့်အပ်သည်။
■ ၆။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောရန်အောင်ကို ခန့်အပ်သည်။
■ ၇။ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်အေးအေးလှိုင်ကိုခန့်အပ်သည်။
■ အဆိုပါပြောင်းလဲမှုများကို အမိန့်အမှတ် ၇၄/၂၀၁၆ မှ ၈၀/၂၀၂၆ အထိ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#YMG #Yangon_Times #Yangon_Media_Group