#Local_News
Published 12 October 2026
■ ကျားနဂါးမြိတ်ငံပြာရည်နှင့် ကင်းမွန်အဆင့်မြင့်ပဲငံပြာရည်တို့သည် စံချိန်စံညွှန်း မမီသည့်အတွက် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးထုတ်ပြန်ထားသည်။
■ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျားနဂါးမြိတ်ငံပြာရည်လုပ်ငန်းမှ ထုတ်လုပ်သည့် ‘ကျားနဂါး’ အမှတ်တံဆိပ်မြိတ်ငံပြာရည် (၁၀၀၀) ml ဘူးတွင် နိုက်ထရိုဂျင်ပါဝင်မှုသည် သတ်မှတ်စံနှုန်းအောက်လျော့နည်းနေသကဲ့သို့ ၎င်းငံပြာရည်ဘူး၌ ထုတ်လုပ်သည့်ရက်စွဲအမှတ်အသားဖော်ပြထားခြင်းမရှိကြောင်း ၊ ၎င်းစစ်ဆေးခဲ့သည့်နမူနာကို ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူဈေးရှိ မချစ်ချစ်ဆိုင်မှကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ထို့အပြင် ကင်းမွန်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် ကင်းမွန်အမှတ်တံဆိပ် အဆင့်မြင့်ပဲငံပြာရည်(၇၅၀) mlဘူးမှာလည်း အစားအသောက်ထပ်ဖြည့်ပစ္စည်း Benzoic Acid ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ကျော်လွန်နေကြောင်းစစ်ဆေးတွေ့ရှိရပြီး ၎င်းစစ်ဆေးခဲ့သည့်နမူနာပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး၊ ဈေးချိုဈေးမှကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
#YMG/NN #Yangon_Times