#Local_News
Published 23 April 2026
■ England Football Association အဆင့် နိုင်ငံတကာနည်းပြများသင်ကြားပို့ချမည့် AIA Coaching Clinic 2026 အစီအစဉ် လူရွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
■ အဆိုပါAIA Coaching Clinic 2026 အစီအစဉ်အတွက် လူရွေးပွဲအခမ်းအနားကို ဧပြီလ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီ (Academy Artificial Turf) ၌ ကျင်းပသွားမည်ဖြစ်ရာ MFF Summer Football Skills Course 2026 (ရန်ကုန် Batch 1) သင်တန်းသားများအား AIA Coaching Clinic 2026 အစီအစဉ် လူရွေးပွဲတွင် ပါဝင်ရန်လည်းဖိတ်ကြားထားကြောင်း သိရသည်။
■ AIA Coaching Clinic 2026 အစီအစဉ်သည် ဘောလုံးအားကစားကို ချစ်မြတ်နိုးသော လူငယ်ဝါသနာရှင်များအတွက် ကမ္ဘာ့အဆင့်အတန်းမီ ဘောလုံးအတွေ့အကြုံကောင်းများရရှိစေမည့် အစီအစဉ်တစ်ခုဖြစ်ပြီး England Football Association အဆင့် နိုင်ငံတကာနည်းပြများက ရန်ကုန်မြို့တွင် (၂) ရက်ခွဲ၍ မေလ (၂) ရက်နှင့် မေလ (၃) ရက်နေ့များတွင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times