#Local_News
Published 23 April 2026

■ ဧပြီလ၂၃ ရက်နေ့၊ မနက်၉ နာရီ၁၈မိနစ် အချိန်က၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈၃)တွင် ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။

■ အဆိုပါသတင်းရရှိသဖြင့် သာဂရ အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

■ ယင်းယာဉ်တိမ်းမှောက်မှုကြောင့် ဘုန်ကြီး(၁)ပါးနှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား 192 ယာဉ်နှင့် ရွှေဂုံသုခမေတ္တာပရဟိတအသင်းမှယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့‌‌ ကြောင်းသိရသည်။

#YMG/NN #Yangon_Times