#Local_News

မိုခါ မုန်တိုင်းကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းနှင့် ဆေးရုံများကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) က မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူပေါင်းမွန်းမံမည်ဖြစ်ကြောင်း သိရသည်။

 

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့‌သောစစ်တွေ ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေအစိုးရ နည်းပညာ အထက်တန်းကျောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၀၉ ကျောင်း၊ဆေးရုံ အဆောက်အဦ ၊ ဝန်ထမ်းအိမ်ရာ အပါအဝင် အဆောက်အဦ ၃၀ တို့ကို လည်း ပြင်ဆင်ကြမည်ဖြစ်ကြောင်း MLCA က သိရသည်။

 

အဆိုပါကျောင်းနှင့် ဆေးရုံများ ပြင်ဆင်မှုကို မေလ ၂၂ ရက်က စတင် ဆောင်ရွက်နေပြီး ပြင်ဆင်ရေး လုပ်ငန်းများအတွက် သွပ်အချပ်ရေ တစ်သိန်း နှင့် ဆက်စပ်ပစ္စည်း ကျပ် ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးခန့် လှူဒါန်းရန် ရှိကြောင်းလည်း သိရသည်။

 

#ymg/pl #Local_News #စာသင်ကျောင်းနှင့် ဆေးရုံများ #MLCA
#YMG #Yangon_Media_Group