#Local_News
Published_ 25 May 2023

ဧရာဝတီတိုင်းမှာ ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းကျော်နဲ့ ၊ စပါးအကြမ်း တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းကျော် ပေါက်ဈေးရှိနေသော်လည်း နွေစပါးစတင် စိုက်ပျိုးစဉ်ကာလတွင် သွင်းအားစုဈေးနှုန်းများ အရင် ထက် ၂ ဆကျော် မြင့်တက်ခဲ့တာကြောင့် တောင်သူလယ် သမားများတွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေရလို့ သိရသည်။

 

စပါးဈေးက ကောင်းပေမယ့်လည်း ယခင်ကထက် ဒီဇယ်၊ ဓာတ်မြေသြဇာ အစရှိတဲ့ သွင်းအားစုများ အရင် ထက် ၂ဆ ကျော်ကျော်လောက် ဈေးတက်နေတဲ့အတွက် အရှုံးပေါ်နေတာဖြစ်ကြောင်း သိရသည်။

 

''ခုချိန်ကလည်း စပါးပေါ်စမို့ ဒီဈေးပေါက်တာ နောက်ပိုင်း ပိုပြီး ဈေးတက်ဖို့ပဲ ရှိတယ်၊ ဘာလို့ဆိုတော့ နောက်ပိုင်း စပါးက ရှားလာပြီလေ ၊ စပါးဈေးသာ ကောင်းနေပေမယ့်ဦးတို့ လယ်သမားတွေ အတွက် ပေါက်နေတဲ့စပါးဈေးကအကျိုးမရှိပါဘူး၊ စိုက်ပျိုးတဲ့ ကုန်ကျစရိတ်ကလည်း အရင်ထက် ၂ ကျော်ကျော်ကုန်ကျနေတယ်'' လယ်သမားတစ်ဦးက ပြောသည်။

 

ဧရာဝတီတိုင်းတွင်နွေစပါးစိုက်ဧကသုံးသိန်းကျော်ရှိပြီး ဒီဇယ်၊ ဓါတ်မြေဩဇာ၊ ပေါင်းသတ်ဆေးစတဲ့သွင်းအားစု စရိတ်များနှင့် ရိတ်သိမ်းခြွေလှေ့ခများပါ ဈေးတက်လာသဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်နှင့် ရောင်းချရငွေမကာမိဘဲ အရှုံးပေါနေကြောင်း သိရသည်။

 

#ymg/ppk #Local_News #လယ်သမားများအရှုံးပေါ်နေ
#YMG #Yangon-Media-Group