#Local_News
Published_ 25 May 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ရွှေမင်းဝံပန်းခြံလမ်းထောင့်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မေလ ၂၄ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က အိမ်စီးကားတစ်စီးအရှိန်လွန်ကာ လမ်းလယ်ကျွန်းရှိ ဓာတ်မီးတိုင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 

အဆိုပါ အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ ဓာတ်တိုင်အား ဝင်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၁)ဦးအနက်ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ ပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေနေရှိကြောင်းသိရပြီး ကျန်ရှိသည့် မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ ကျား (၂)ဦး ထိခိုက်ဒဏ်ရာမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အဆိုပါဖြစ်စဉ်ကို စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများအား အိုးဘိုလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကုတင် (၂၀၀)ဆံ့ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ၁၉ ၃၅ အချိန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/ynzw #Local_News #အမျိုသားဒဏ်ရာပြင်းထန်
#YMG #Yangon-Media-Group