#Local_News
Published_ 18 September 2022

 

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဒု-ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ကို စက်တင်ဘာ ၁၇ ရက်တွင် သီးခြားစီတွေ့ဆုံခဲ့ကြပါတယ်။

 

ထိုသို့တွေ့ဆုံရာ၌ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုမှ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့နောက် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC၊ DKBA အဖွဲ့တို့သည် တတိယနေ့ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေး၍ အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်များကို အတည်ပြုလက်မှတ်များရေးထိုးခဲ့ကြပါတယ်။

 

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးတို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group