#Local_News
Published_27 July 2022

 

မလေးရှားနိုင်ငံ KLIA ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၃၇ ဦး ပြည်တော်ပြန်ခွင့်ရရေးအတွက် ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအရာရှိနှင့် တာဝန်ရှိသူများက စီစဉ်နေကြောင်း သိရသည်။

 

ဇူလိုင်လ ၂၆ ရက်တွင် ယင်းတို့ ပြည်တော်ပြန်ခွင့်ရရှိရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်သည့် အထောက်အထားပြည့်စုံသူများအား ဦးစားပေးကာ အမြန်ဆုံး စီစဉ်မည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

 

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်ဒဏ်ကျခံပြီးသော်လည်း ထိန်းသိမ်းရေး စခန်းများတွင် ဆက်လက်ထိန်းသိမ်းခံနေသည့်အတွက် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် မြန်မာသံရုံးက အမြန် စီစဉ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group