#Local_News
Published_27 July 2022

 

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားအသစ် ၁၄၂ ဦး ထပ်မံသွားရောက်ကြကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ အလုပ်သမားများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၂၃)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၁၉)ဦး တို့ဖြစ်ကြောင်း၊ ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ဇူလိုင်လ ၂၆ ရက်တွင် ရောက်ရှိခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းတို့အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခြင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေကြကြောင်း အလုပ်သမားရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group