#Local_News
Published _27 July 2022

 

ပန်းဆိုးတမ်း-ဒလပြေးဆွဲနေသည့် ချယ်ရီသင်္ဘော လက်မှတ်ခများအား သြဂုတ်လ ၁ ရက်မှစတင်ကာ ရေယာဉ်စီးနင်းခနှုန်းထား ပြောင်းလဲကောက်ခံမည် ဟုသိရသည်။

 

ရေယာဉ်စီးနင်းခနှုန်းထားအနေဖြင့် လက်ရှိတွင် ခရီးသည်တစ်ဦးလျှင် ၁၀၀ ကျပ်ကောက်ခံလျက်ရှိတာဖြစ်ပြီး သြဂုတ်လ ၁ရက်နေ့မှ စတင်ကာ ခရီးသည်တစ်ဦးလျှင် ၂၀၀ ကျပ်ဖြင့် တိုးမြင့်ကောက်ခံသွားမည်ဟု သိရသည်။

 

ယင်းကဲ့သို့ ပြောင်းလဲကောက်ခံရာတွင် ကုန်ပစ္စည်းတင်ဆောင်ခ ၊ စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်တင်ဆောင်ခများမှာ ပြောင်းလဲခြင်းမရှိဘဲ ယခင်နှုန်းထားများဖြစ်သော စက်ဘီးတင်ဆောင်လျှင် ၁၀၀ ကျပ် ၊ ဆိုက်ကားတင်ဆောင်လျှင် ၂၀၀ ကျပ် ၊ ဆိုင်ကယ်တင်ဆောင်လျှင် ၈၀၀ ကျပ် အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group