၂၄ ဩဂုတ် ၂၀၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ရှိတဲ့ မြင်းခြံ ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နေပြီလို့  အဆိုပါ စက်ရုံကို လည်ပတ်နေတဲ့ စင်္ကာပူ  အခြေစိုက် Sembcorp Industries (Sembcorp) က ဩဂုတ် ၂၃ရက်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဓာတ်အားပေးစက်ရုံကို လုံခြုံရေးအခြေအနေအရ ပြီးခဲတဲ့ ဩဂုတ် ၁၂ရက်က လည်ပတ်မှု ရပ်ဆိုင်းထားခဲ့ရတာ   ဖြစ်ပါ  တယ်။

စက်ရုံအနီးဝန်းကျင်တစ်ဝိုက်မှာ ပဋိပက္ခအခြေအနေတွေ လျော့ပါးသွားပြီး  ကုမ္ပဏီဝန်ထမ်းတွေအတွက် အန္တရာယ် မရှိ  တော့ လို့ စက်ရုံပြန်လည်ပတ်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်ရုံပြန်လည်လည်ပတ်ရက်ကို မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။

အဆိုပါဓာတ်အားပေးစက်ရုံသည် သဘာဝဓာတ်ငွေ့သုံး combined-cycle gas turbine အမျိုးအစားဖြစ်ပါတယ်။