၂၀ ဒီဇင်ဘာ ၂၀၂၄
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အကျိုးစီးပွားတူတဲ့နယ်ပယ်တွေနှင့် ဘင်္ဂလီကိစ္စတွေဖြေရှင်း ရေးတွေမှာ အတူတကွပူးပေါင်းလုပ်ကိုင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ သဘောတူခဲ့ကြတယ်လို့ ဒါကာ အခြေစိုက်မီဒီယာ ဒါကာထရိုင်ဗျူးက သတင်းဖော်ပြပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာနှင့်အိမ်နီးချင်းများ ခြောက်နိုင်ငံ ဆွေးနွေးပွဲ တက်ရောက်ရင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး အမ်ဒီ တူဟစ်ဟူစိန်နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတို့ သီးခြားတွေ့ဆုံဆွေးနွေးသဘောတူခဲ့ကြတာဖြစ်ပါတယ်။
ဘင်္ဂလီတွေကို လုံခြုံစိတ်ချစွာ၊သိက္ခာရှိစွာနှင့် သူ့သဘောနှင့်သူ ပြန်လည်ပို့ဆောင်ရေးကိစ္စမှာ အချိန်ဇယားပါဝင်ပြီးကောင်းမွန်တဲ့ လမ်းပြမြေပုံတစ်ခုအရေးကြီးတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးအကြံပေးတူဟစ် က ဝန်ကြီးဦးသန်းဆွေနှင့်တွေ့ဆုံစဉ်အလေးပေးပြောဆိုခဲ့တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြန်မာနစကရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေး နေမှု၊ ၂၀၂၅တွင်ရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်နေမှု၊ ပဋိပက္ခကိုပိုအားကောင်းစေတဲ့ နယ်စပ် ဖြတ်ကျော်မှုခင်းတွေနှိမ်နှင်းနေမှုနှင့် ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာခဲ့သူတွေပြန်လာရေးကိစ္စ ဆောင်ရွက်နေမှုတွေကို ပြန်လည်ရှင်းပြခဲ့တယ်လို့သိရပါတယ်။
#knl/ymg