#Local_News
Published 20 December 2024
▪️ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ တစ်ရက်ခြားလေးနာရီသာ မီးရရှိမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးများမှ ထုတ်ပြန်ထားသည်။
▪️ စက်မှုဇုန်များအား Group A and B ခွဲ၍ တောင်ဥက္ကလာပ စက်မှုဇုန်သည် Group A တွင် ပါဝင်ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် Group A အား မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ ဓာတ်အားပေးထားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တစ်နေ့လုံး ဓာတ်အားရရှိမည် မဟုတ်ကြောင်း အသိပေးအကြောင်းထားကြောင်း သိရသည်။
▪️ အလားတူ ဓာတ်အားစနစ်၏ လိုအပ်ချက်အရဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ အများပြည်သူအား ဓာတ်အားပေးနေသည့် Group A နှင့် B အား
လေးနာရီခြားတစ်ကြိမ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ Group B အား မနက် ၅ နာရီမှ မနက် ၉ နာရီအထိ ဓာတ်အားပေးမည်ဖြစ်ကာ Group Aအား ဓာတ်အားပိတ်မည် ဖြစ်ကြောင်း ၊ မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Group. B ဓာတ်အားပိတ်မည်ဖြစ်ပြီး ယင်းအချိန်၌ Group Aအား ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ဓာတ်အားပိတ်ပြီး Group Bအား ဓာတ်အားပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ဓာတ်အားပိတ်မည်ဖြစ်ပြီး ယင်းအချိန်တွင် Group Aအား ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ ည ၉ နာရီမှ နောက်နေ့မနက် ၁ နာရီအထိ Group A ဓာတ်အားပိတ်မည်ဖြစ်ကာ Group Bအား ဓာတ်အားပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ သို့သော် မနက် ၁ နာရီမှ မနက် ၅ နာရီအထိအား Group A and B နှစ်စုလုံးအား ဓာတ်အားပေးထားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times