Published-31 October 2023

တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၄၈)ဦးကို အောက်တိုဘာလ ၃၁ရက်(ယနေ့)ထပ်မံစေလွှတ်ခဲ့သည်။

ယင်းကဲ့သို့စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၄၄)ဦးနှင့် Re-entry လုပ်သား (၁၀၄)ဦး စုစုပေါင်း (၁၄၈) ဦးပါဝင်ပြီး ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ (၂၄)ရက်ကလည်း ကုန်ထုတ်လုပ်သား (၁၆၃)ဦးနှင့် စိုက်ပျိုးရေးလုပ်သား (၂၁)ဦး၊ စုစုပေါင်း (၁၈၄)ဦးကိုစေလွှတ်ခဲ့ပြီး ယခုအောက်တိုဘာလအတွင်း မြန်မာလုပ်သားစေလွှတ်မှု ၂ကြိမ်သာရှိသေးကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံး၏ အချက်အလက် များအရသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက EPS စနစ်ဖြင့်မြန်မာလုပ်သားစေလွှတ်မှု ၇၃၃ဦးရှိခဲ့ပြီး ယခင်လများကလည်း မြန်မာလုပ်သားစေလွှတ်မှုများပြားခဲ့ကြောင်းသိရသည်။
‌#Yangon_Times/PP
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group