#Local_News
Published-21 February 2023

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၂၆ ဦးကို ဖေဖော်ဝါရီလ ၂၁ရက်တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။

 

ကုန်ထုတ်လုပ်သားသစ် ၂၇ ဦး၊ CBT ကုန်ထုတ်လုပ်သား ၂ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်သားသစ် ၇၀ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၂၇ဦး စုစုပေါင်း ၁၂၆ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သံရုံးကထုတ်ပြန်ထားသည်။

 

မြန်မာအလုပ်သမားများ ရန်ကုန်မြို့မှ အင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိချိန်တွင် မြန်မာသံရုံး၊ ဆိုလ်းမြို့မှအလုပ်သမားသံအရာရှိက ကြိုဆို၍ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၉၄ဦး၊ CBT ကုန်ထုတ်လုပ်သား ၈ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်သားသစ် ၄၇ဦး၊ စုစုပေါင်း ၁၄၉ ဦးကို စေလွှတ်ခဲ့သေးသည်။

 

ယင်းအပြင် EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၁ဦး၊ Re-entry စိုက်ပျိုးမွေးမြူရေးလုပ်သား ၁၀ဦး စုစုပေါင်း ၅၁ဦးကိုလည်း ဖေဖော်ဝါရီလ ၉ ရက်က ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သံရုံး၏ အချက်အလက်များအရ သိရသည်။

 

#ymg/mt
#Yangon Media Group