#Local_News
Published_14 January 2023

ကိုရီးယား EPS-TOPIK စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ စာမေးပွဲဖြေဆိုသူဦးရေ ၁၃၃၀၂ ဦးရှိပြီး အောင်မြင်သူ ၆၃၈၆ ဦးရှိကြောင်း သိရသည်။

 

ယင်းစာမေးပွဲသည် တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

 

လက်ရှိတွင်လည်း EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၀ ကျော်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။

 

တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group