#Local_News
Published _ 14 January 2023

 

ကျိုက္ခမီရေလယ်ဘုရား၏ ဂန္ဓကုဋီတိုက်အတွင်းရှိ ဘုရားစင်အမြင့်ပေါ်ကို တက်ရောက်ခဲ့သည့် သင်္ကန်းဝတ်ကိုယ်တော်ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပက အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ င်္ကန်းဝတ်ကိုယ်တော်သည် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် ကျိုက္ခမီရေလယ်ဘုရားသို့ တပည့်ဒကာများဖြင့် လာရောက်ခဲ့ပြီး ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်းသို ဘုရာဖူးများမရှိသည့်အချိန်နှင့် တာဝန်ကျဝန်ထမ်းများ ထမင်းစားနေချိန်တွင် မသမာသည့်နည်းဖြင့်အခွင့်ကောင်းယူ ဝင်ရောက်ခဲ့ပြီး ယခုလို ဓာတ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းဖြစ်စဉ်သည် သာသနာ ညှိးနွမ်းစေသည့် ရည်ရွယ်ချက်နှင့် ဘုရားကြီးကို ဆွမ်းပန်းရေချမ်း ကပ်လှူထားသည့် အမြင့်ပေါ်တက်ရောက်ခဲ့မှုကို ဘုရားကြီး၏ သြဝါဒါစရိယဆရာတော်ကြီးတွေရဲ့ သြဝါဒတွေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group