#Local_News
Published_8 December 2022

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၈၇ ဦး စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ အလုပ်သမားများမှာ ကုန်ထုတ်လုပ်သားသစ် (၄၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၄) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၈၇) ဦးကို ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် Regular (ကုန်ထုတ်လုပ်သား) ၁၂၈ ဦး၊ Regular(စိုက်ပျိုး/မွေးမြူရေးလုပ်သား) ၉ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦးစေလွှတ်သွားမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၄ ရက်တွင် Re-entry ကုန်ထုတ်လုပ်သား ၃၇ ဦးထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၉ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

#ymg/sth
#Yangon_Media_Group