#Local_News
Published_ 8 Decamber 2022

 

မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အာဆီယံ အပေါင်း နိုင်ငံများက အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ ဒုတိယ အကြိမ် စီမံကိန်းရေးဆွဲရေးအစည်းအဝေးကို ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် Video Teleconferencing စနစ်နဲ့ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

 

အစည်းအဝေးတွင် အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ Vice-Admiral Berezovsky D.V တို့က နှုတ်ခွန်းဆက်စကားများပြောကြားပြီး ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

 

အစည်အဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဘက် နိုင်ငံများဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါတယ်။

 

မြန်မာနှင့် ရုရှားတို့သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group