Published 21 November 2021

နိုဝင်ဘာလ၂၀ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်းက တပ်ကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်နဲ့ လယ်ဝေးမြို့နယ်ရှိ EPC ရုံးတို့ လက်လုပ်မိုင်း ၊လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်တိုပ်ခိုက်ခံခဲ့ရတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကနေသိရပါတယ်။

ဖြစ်စဉ်မှာနိုဝင်ဘာလ ၂၀ရက်ညနေ ၅နာရီခွဲခန့်အချိန်က တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ၉ရှိ မြန်မာစီးပွားရေးဘဏ် အနောက်ဘက်လမ်းကြားမှ ဆိုင်ကယ်စီးနှင်းလာသူတစ်ဦး ဒေသန္တရလက်လုပ်မိုင်း တစ်လုံးဖြင့် ပစ်ပေါက်ထွက်ခွာသွားလို လုံခြုံရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဘဏ်အနောက်ဘက်ရှိ အိမ်သာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး PVC ပိုက်အပိုင်းအစများ၊ သံဘောစေ့များတွေ့ရှိရကာ လူနဲ့ အဆောက်အဦး ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင်လယ်ဝေးမြို့နယ်၊ အမှတ်၁ရပ်ကွက် မြို့နယ်လျှပ်စစ်ရုံးအတွင်းသို့ လူတစ်ဦးမှဆိုင်ကယ်ဖြင့် မောင်းနှင်ဝင်ရောက်လာပြီး ပလတ်စတစ်လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါဗုံးမှာ ရုံးခန်းအနီး ကျရောက်ကာပေါက်ကွဲမှုမရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက ပလတ်စတစ်ဗုံးကို သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။