#Local_Health
Published_ 27 Feb 2022

 

နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများဝယ်ယူရန် အမေရိကန်ဒေါ်လာ ၂၇၆.၆၄ သန်း သုံးစွဲခဲ့ကာ၊ ကာကွယ်ဆေးစုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဝယ်ယူမှုတွင် နိုင်ငံတော်အနေနဲ့ အမေရိကန် ဒေါ်လာ ၂၇၆.၆၄ သန်းသုံးစွဲခဲ့ပြီး မိတ်ဆွေနိုင်ငံများက လှူဒါန်းမှုအနေနဲ့ အမေရိကန် ဒေါ်လာ ၁၂၁.၁၂ သန်း လှူဒါန်းခဲ့ပါတယ်။ ကာကွယ်ဆေးဝယ်ယူမှုမှ ၄၅ သန်း Doses၊ လှူဒါန်းမှုမှ ၁၇ သန်း Doses၊ စုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ ရောဂါဖြစ်ပွားမှုတွေမှာ ရောဂါကြောင့်သေဆုံးရမှုများကို သုံးသပ်ချက်များအရ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုခံယူထားပါက သေဆုံးတဲ့နှုန်း သိသာစွာလျော့ကျသည်ကိုတွေ့ရှိရပြီး၊ ကာကွယ်ဆေးထိုးနှံမှုတွေကို ဆက်လက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးထိုးနှံမှုမှာ ၄၅ သန်း Doses ထိုးနှံပြီးဖြစ်ကာ ထိုးနှံရမယ့် မြေပြင်ရှိလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်ကာ၊ ပြည်တွင်းထုတ်လုပ်မှုမှ ရရှိလာမယ့် ကာကွယ်ဆေးတွေကိုလည်း ဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့ နစကကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောထားပါတယ်။

 

ymg-mnn
#Yangon_Media_Group