#LocalNews
Published -27 Feb 2022

 

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်နံ့သာကျွန်းရဲ့အနောက်မြောက်ဘက် ရေမိုင် ၂၅ မိုင်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်းကို တရုတ် အာကာသယာဉ် အစိတ်အပိုင်းတစ်ခု ကျရောက်မှုဖြစ်ပွားခဲ့သည်ဟု သိရပါသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြို့ပြလေကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့အစည်း (Civil Aviation Administration of China - CAAC) က “အာကာသယာဉ်အစိတ်အပိုင်း (Aerospace Flight) လှုပ်ရှားမှုခန့်မှန်းဒုတိယအကြိမ်အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၂) ရက်နေ့အတွင်းအစား ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် ၆ နာရီ ၆ မိနစ်မှ နံနက် ၆ နာရီ ၃၅ မိနစ်အချိန်အတွင်းတွင် ဖြစ်နိုင်ခြေရှိကြောင်း၊ သက်ရောက်မည့်ဧရိယာမှာ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၂၂) မိုင်ခန့်၊ မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၁) မိုင်ခန့်နှင့် ပုသိမ်လေဆိပ်၏အနောက်ဘက် ရေမိုင် (၆၃) မိုင်ခန့်အကွာ ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ ကျရောက်နိုင်မယ်လို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ အာကာသယာဉ်အစိတ်အပိုင်းမှာယနေ့ နံနက်ပိုင်း ၆ နာရီ ၂၅ မိနစ်ခန့်က နံ့သာကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၅ မိုင်အကွာ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ကျရောက်ခဲ့ကာ အဆိုပါကျရောက်မှုကြောင့် လူနဲ့အရာဝတ္ထုပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group