#LocalNews
Published_ 27 Feb 2022

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့မှုများဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီ ၇၀၀ ရှိကြောင်း နစက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

 

ဇန်နဝါရီလအတွင်း ပယ်ဖျက်မှုများအနေဖြင့် ဇန်နဝါရီ ၃ ရက်တွင် ကုမ္ပဏီ ၁၀၀ ၊ ဇန်နဝါရီ ၇ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဇန်နဝါရီ ၁၇ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဇန်နဝါရီ ၂၁ ရက်တွင် ကုမ္ပဏီ ၁၀၀ ဖြင့် စုစုပေါင်း ကုမ္ပဏီ ၄၀၀ ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီအတွင်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံလိုက်ရသည့် ကုမ္ပဏီများမှာ ဖေဖော်ဝါရီ ၁ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော်ဝါရီ ၄ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ကုမ္ပဏီ ၁၀၀ ဖြင့် စုစုပေါင်း ၃၀၀ ရှိပါတယ်။

ဒါ့ကြောင့် ၂၀၂၂ ခုနှစ် နှစ်စမှ ဖေဖော်ဝါရီလ တတိယပတ်အထိ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း ၇၀၀ ရှိလာပါကပြီ။

 

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သောကြောင့် မြန်မာနိုင်ငံကုမ္ပဏီများ ဉပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group.