#LocalNews
Published - 27 Feb 2022

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ဖေဖော်ဝါရီ ၂၃ ရက်က ကျပ်သိန်း ၇၀၀ ကျော်တန်းဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မြစ်ကြီးနားမြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့ ထွယ်နော် မောင်းနှင်ပြီး ဘရန်တောင်၊ စင်းယူတူးရိန် နှင့် လဖိုင်ဂမ်အောင် တို့လိုက်ပါလာသည့် LAND CRUISER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမော်တော်ယာဉ်ပေါ်မှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၃၂ ကီလို(ကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၅၈၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မြစ်ကြီးနားမြို့၊နယ်မြေ(၁၁)၊တပ်ကုန်း(ထွယ်ဆန်)ရပ်ကွက်ရှိ ဘရန်တောင် ငှားရမ်းနေထိုင်သည့် နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိ ဆောင်းဘောက်များအတွင်းမှ ဘိန်းဖြူအလေးချိန် ၀.၉၃ ကီလို (ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၃၂.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ပြား(ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၈ သိန်း)နှင့် မြန်မာငွေကျပ် သိန်း ၃၀ တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ ထွယ်နော်(၂၂)နှစ်၊ ဘရန်တောင်(၃၄)နှစ်၊ စင်းယူတူးရိန်(၂၉)နှစ် နှင့် လဖိုင်ဂမ်အောင်(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group