#Local_News
Published_ 6 April 2023

KBZ ဘဏ်၏ Core Banking စနစ်အဆင့်မြှင့်တင်ခြင်းကို ဧပြီလ(၇)ရက်မှ စတင်၍ ၄ရက်ခွဲ​ြကာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း KBZ Pay မှထုတ်ပြန်ထားသည်။

 

KBZ Bank ၏ Core Banking စနစ်အဆင့်မြှင့်တင်ခြင်းကို ဧပြီလ(၇)ရက်၊ ည(၁၂)နာရီအချိန်ခန့်မှ ဧပြီလ(၁၂) ရက်၊ နံနက်(၁၁)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်၍KBZ Pay ၏ အခြားဝန်ဆောင်မှုများဖြစ်သည့် ငွေပေးချေခြင်း၊ ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ အကောင့်ထဲမှငွေထုတ်ယူခြင်းတို့ကိုဆက်လက်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

 

သို့သော်လည်း KBZ Bank ၏ အွန်လိုင်းဘဏ် ဝန်ဆောင်မှုများ(iBanking နှင့် mBanking)၊ Debit နှင့် Credit Card ဝန်ဆောင်မှုများအပြင် အချို့သော ATM စက် များနှင့် KBZ Pay ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်ပြီး KBZ Bank ဝန်ထမ်းများအနေဖြင့် Customer များ၏ အချက်အလက် များကို ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်သွားမည်မဟုတ်ကြောင်းလည်း ပါရှိသည်။
#ymg/mt
#Local_News ##Core Bankingစနစ် #KBZ Pay အသိပေ
#YMG #Yangon_Media_Group