#Local_News
Published_ 9 January 2023

 

(၂၀၂၃)ခုနှစ် ဇန်နဝါရီလအတွင်းဂျာမန်ဘာသာစကား အခမဲ့လေ့လာသင်ယူနိုင်မည့် Free Trial Classကို အွန်လိုင်းကနေတစ်ဆင့်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းGoethe -Institut Myanmar မှ သိရသည်၊၊

 

သင်တန်းကို ဇန်နဝါရီလ (၁၁) ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံသိရှိထားရမည့်ဂျာမန်ဘာသာ စကားအကြောင်း ၊ အက္ခရာများနှင့်အသုံးဝင်မည့်စကားလုံးများကို လေ့လာရမည်ဖြစ်၍ ဂျာမန်ဘာသာဖြင့်ပတ်သတ်သည့်အခြေခံဗဟုသုတများကို လေ့လာနိုင်မည်ဖြစ်သည်၊၊

 

Free Trial Class ကိုအွန်လိုင်းကနေပြုလုပ်မှာဖြစ်ပြီး လူဦးရေ (၅၀) အထိသာလက်ခံသွားမှာဖြစ်လို့ စိတ်ဝင်စားသူတွေအနေဖြင့်ဇန်ဝါရီလ (၁၁) ရက် ၊ နံနက် (၁၀) နာရီ နောက်ဆုံးထားပြီး This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်ပို့ စာရင်းပေးသွင်းထားနိုင်မည်ဖြစ်သည်၊၊

 

ပါဝင်သင်ကြားလိုသူများအနေဖြင့် ဇန်ဝါရီလ (၁၁) ရက် ၊နေ့လည် (၁) နာရီ မှ နေ့လည် (၂ ၀၀) နာရီအထိ Zoom Meeting ဖြင့် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး ဥရောပနိုင်ငံတော်တော်များများတွင်လည်း ဂျာမန်ဘာသာစကားကို အသုံးပြုကြ၍ ဂျာမန်စာလေ့လာထားခြင်းကအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group