#Local_News
Published_1 May 2025

▪️ ပါဟယ်လ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအား အောက်မေ့သတိရပြီး ဂါရဝပြု သည့် အခမ်းအနားကို ယမန်နေ့ဧပြီလ ၃၀ ရက်က ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

▪️ အခမ်းအနားတွင်အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့သူများ၏ထုတ်ဖော်ပြောဆိုမှုများအကြောင်းကို ဖော်ပြသည့် ၁၅ မိနစ်ကြာ ဗီဒီယိုကို အခမ်းအနားအတွင်း ပြသခဲ့ကြောင်းလည်း သိရသည်။

▪️ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း အကြံပေး ဦးဝင်းနိုင်တို့က အဆိုပါဖြစ်စဉ် တွင် သေဆုံးခဲ့ရသူများအား ပန်းများကြဲဖြန့်ကာ အောက်မေ့သတိရကြောင်း ဖော်ပြခဲ့ကြကြောင်း သိရ သည်။

▪️ ပါဟယ်လ်ဂမ်တွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်၌ အိန္ဒိယနိုင်ငံပြည်နယ် အသီးသီးမှ အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါနိုင်ငံသား တစ်ဦးတို့ပါဝင်သည့် အပြစ်မဲ့ ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရကြောင်း သံ အမတ်ကြီးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

▪️ ယင်းအပြင် အကြမ်းဖက်မှုကျူးလွန်သူများ၊ စီစဉ်သူများနှင့်ကျောထောက်နောက်ခံပြုသူများကို တရားမျှတမှု ရရှိစေရန် အိန္ဒိယ၏ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် စည်းလုံးညီညွှတ်စွာရပ်တည်ပြီး ခိုင်မြဲသော ပံ့ပိုးကူညီမှုအတွက် မြန်မာအစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ကြောင်းလည်း ၎င်းကပြောကြား ခဲ့ကြောင်း သိရသည်။

▪️ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရေး ပါတီများမှ ကိုယ်စာလှယ်များနှင့် အကြီးအကဲများ၊ တတ်သိ ပညာရှင်များ၊ အိန္ဒိယနွယ်ဖွားများ၊ အိန္ဒိယ၏ မိတ်ဆွေများနှင့် မီဒီယာအဖွဲ့အစည်းများလည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။

#Yangon_Times/PP