#Local_News
Published_1 May 2025
▪️ မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းကို ယနေ့ မေလ ၁ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ခွဲခန့်အချိန်တွင် ရှော့တိုက်ဒုံးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
▪️ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းအတွင်းရှိ အရေးကြီးအဆောက် အဦများအား ထိခိုက်ပျက်စီး စေရန်နှင့် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် အကြံအစည်များဖြင့် KIA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့် အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
▪️ ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်း၏ အရှေ့မြောက်ဘက် မီတာ ၄၅၀ အကွာနေရာ သို့ ရှော့တိုက်ဒုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက် စီးမှုမရှိကြောင်း သိရသည်။
▪️ လက်ရှိတွင် အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့် နေရာနှင့်အနီးဝန်းကျင်တစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် မေးမြန်းစစ်ဆေး မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP