#Local_News
Published 27 June 2025

▪️ ရှမ်းပြည်နယ်အတွင်း‌ဆောင်ရွက်မည့် လမ်း၊ တံတားနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။

▪️ ၂ဝ၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများတွင် လမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်‌သောကြောင့် တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။

▪️ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများအားစိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအ‌‌နေဖြင့် မြန်မာကျပ်ငွေဖြင့်အိတ်ဖွင့်တင်ဒါစနစ်တင်သွင်းနိုင်ကြောင်း၊တင်ဒါလျှောက်လွှာများကိုဇွန်လ (၂၆) ရက်မှ ဇူလိုင် (၂)ရက်နေ့အထိ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနသို့ ဇူလိုင် ၂ရက်၊ ညနေ (၄)နာရီခွဲ နောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း  သိရသည်။

▪️ တည်‌ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူသည့် စည်ပင်သာယာရေးဌာနများမှာ တောင်ကြီးမြို့နယ်စည်ပင်မှ Lot အရေအတွက် (၂)ခု၊ မူဆယ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၆)ခု၊ ကလောမြို့နယ်စည်ပင်မှ Lot အရေအတွက်(၃)ခု၊ ကျိုင်းတုံမြို့နယ်စည်ပင်မှ Lot အရေအတွက် (၂)ခု၊ ဆီဆိုင်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ တာချီလိတ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ မိုင်းရှူးမြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ မိုင်းတုံမြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ ခိုလမ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု တိုဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times