#Local_News
Published 27 June 2025
▪️ ၂၄နာရီအတွင်း ချင်းတွင်းမြစ် စိုးရိမ်ရေအမှတ်အထက်သို့ ဆက်လက် ရောက်ရှိနိုင်၍ ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်း၊မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာရှောင်ရှားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
▪️ ယနေ့မြန်မာစံတော်ချိန်တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည်
ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၃ခန့် အထိကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းစိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းနိုင်ကြောင်း၊ ဖောင်းပြင်မြို့တွင်မူ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၃ခန့် အထိကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၃လက်မခန့်အထိဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဟုမ္မလင်းမြို့တွင်းရှိ မြစ်ကမ်းနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်သတိထားနေထိုင်ကြပါရန်နှင့်ဖောင်းပြင်မြို့တွင်းရှိ မြစ်ကမ်းနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်ရေဘေးလွတ်ရာသို့ ရှောင်ရှားနေထိုင်ကြပါရန်သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times