#Local_News
Published 5 May 2025
▪️ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ Gas အိုးမီးလောင်၍ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရသည့်အပြင်နာရီပိုင်းခြားချိန်၌လည်း ၇၄လမ်းနှင့် ၁၁၈ လမ်း တွင် မီးလောင်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ '၈၄ လမ်းမှာ လောင်တာကGas အိုးနဲ့ မီးဖို ဆိုင်က နေ ဘေးက အိမ်ကို ကူးတယ်လို့သိရပါတယ်၊ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်' ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ မေလ၅ ရက်နေ့ မနက် ၁၁ နာရီ၀၃ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၈၄ လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ
၁၁ နာရီ ၃၂ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် နေ့လယ် ၁၂နာရီ ၂၀ကျော်ဝန်းကျင်တွင်လည်း မန္တလေးမြို့၊
74လမ်းနှင့် 118 လမ်းတွင်လည်း မီးသတင်းရရှိသောကြောင့် နယ်မြေခံကားများထွက်ခွါငြိမ်းသတ်နေရကြောင်း သိရသည်။
#YMG/NN #Yangon_Times