#Local_News
Published 05 May 2025

▪️ KNLA အဖွဲ့နှင့် PDF များက ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ် တံတား တစ်စင်းကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

▪️ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၃၅/၇ နှင့် ၁၃၆ အကြား အရှည် ၃၇ ပေ၊ အကျယ် ၄၈ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ်အမျိုးအစား တံတား အမှတ်(၄/၁၃၆)ကို ယနေ့ မေလ ၄ ရက် နံနက်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ယင်းကြောင့်အဆိုပါသံကူ ကွန်ကရစ်တံတားမှာ ကမ်းကပ်ခုံအနီးမှ အထက်ပိုင်းကျိုးကျ ပျက်စီးခဲ့ပြီး မော်တော် ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှု မရှိကြောင်းနှင့် ထိုသို့ ပျက်စီးသွားသည့် တံတားကို တာဝန်ရှိသူများက ပြန် လည်ပြုပြင်ခြင်း လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

▪️ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက အဆိုပါသံကူကွန်ကရစ်တံကို ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၉ ရက်တွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် တစ်ကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး ယနေ့ ဖောက်ခွဲခဲ့မှုမှာ တတိယအကြိမ်မြောက် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ မိုင်းထောင်ဖောက်ခွဲမှု ကြောင့် မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများ သွားလာနိုင်မှုမရှိဘဲ ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်အပေါ် လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များတိုးမြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP