#Local_News
Published 5 May 2025
▪️ ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သို့ အမေရိကန် ဒေါ်လာ သန်း၃၀နီးပါး တန်ဖိုးရှိ ပုစွန်တန်ချိန် ၉၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာမှ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုမှ ဒေါ်လာ ၂၀.၆၅၃ သန်းတန်ဖိုးရှိသည့် ပုစွန်တန်ချိန် ၇၅၀၇.၃၁၅ တန်၊ နယ်စပ်လမ်းကြောင်းမှ ဒေါ်လာ ၉.၀၂ သန်းတန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၁၆၃၉.၃ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၉ဒသမ ၆၇၃ သန်း တန်ဖိုးရှိသည့် ပုစွန်တန်ချိန် ၉၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times