#Local_News
Published 28 July 2025
▪️ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး လေးလပြည့်နေ့သည့် ယနေ့နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ အင်အား၄.၁ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်၍ မန္တလေးမြို့ခံတစ်ဦးက " ၁၂မတ်တင်းလောက်ကအသာလေးတချက်အရင်လှုပ်လိုက်တယ်ထင်တယ်ပဲ။
လူကနိုးပြီးဟုတ်မဟုတ်ဇဝေဇဝါနဲ့ကိုယ့်ဟာကိုယ်ဘဲထင်နေတာလားဆိုတွေးရင်းမိုးလဲရွာနေတော့အကြီးစားတွေတော့ မလာလောက်တော့ပါဘူးဆိုထင်နေတာ ထပ်လှုပ်တာဘဲနည်းနည်းပြင်းတယ်။ ၄ကျော်လောက်ရှိမယ်ထင်တယ်အိပ်ယာထဲက ဖုန်းတောင်မယူနိုင် ထဆင်းပြေးတာ ခုကလူတွေကတအားကြောက်တတ်တာမဟုတ်ပေမယ့် ဒါကအသက်အန္တရာယ်ရှိတယ်ဆိုတာကို သိမြင်ထားရတော့ ခြေထောက်တွေကအကျင့်ရနေပြီရယ် ၄လပြည့်ပြီ ငလျင်ကခုထိလှုပ်နေတုန်း"ဟု ပြောသည်။
▪️ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီးမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ဇူလိုင်လ၂၈ရက် နံနက်အေစာပိုင်း ၀၀း၀၁နာရီတွင်မဟာအောင်မြေမြို့နယ်၏ တောင်ဘက် (၁) မိုင်ခန့်ကိုဗဟိုပြု၍အနက် - ၃၃ ကီလိုမီတာ ဖြင့် အင်အားပမာဏ - ၄.၁ ရစ်(ခ်)တာစကေး အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ထုတ်ပြန်ထားသည်။
▪️ အဆိုပါငလျင်သည် မန္တလေးငလျင်ကြီးအပြီး ၂၁၄ကြိမ်မြောက်လှုပ်ခတ်သည့် ငလျင်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times