#Local_News
Published 28 July  2025

▪️ ပင်းတယမြို့ သိမ်ကုန်းနှင့်ရွာအချို့ ရုတ်တရက်ရေကြီး လူအသေအပျောက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

▪️ "ပင်းတယ (၆)ဦးထပ်မနည်းသေဆုံး တယ်လို့ပြောကြတယ် ၊ ပျောက်သူလဲရှိတယ် ၊တောင်ကျရေ ရုတ်တရက်ကျလာတာ၊လုံးဝထင်မထားဘဲ ရုတ်တရက် ရေကြီးလာတာပါ၊ သိမ်ကုန်းရွာ၊ ကုန်းစောင်းရွာ၊ ရွှေပုထိုးရွာ တွေပါပါတယ် ၊ ရွှေဥမင်ဘုရားဆိုင်ခန်းတွေပါပြိုတယ်"ဟု ဒေသခံတစ်ဦးက  ပြောသည်။

▪️ ရွှေပုထိုးရွာတို့တွင် ဇူလိုင်လ ၂၇ ရက် ည ၁၂ နာရီကျော်၌ တောင်ကျရေ ရုတ်တရက်ထိုးဆင်း ထို့အပြင် ရွှေဥမင်ဘုရားဆိုင်၄ခန်းပြိုကျပြီး
ထပ်မံပြိုပါက အန္တရာယ်ရှိနိုင်သောကြောင့် ဘုရားအတက်လမ်းကို ယာယီပိတ်ထားကြောင်း သိရသည်။

#YMG/NN #Yangon_Times