#Local_News
Published_28 July 2025
▪️ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက် ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ် ကျေးရွာရှိ ပြည်သူ များအား KNLA နှင့် PDF များက လက်နက်ငယ်များ၊ တုတ်၊ ဓား များဖြင့် ပစ်ခတ်ခုတ်ဖြတ် မှုကြောင့် ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
▪️ တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားမှုကိုသိလျင်သိချင်း လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ပြီး အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ KNLA နှင့် PDF များက ဇူလိုင်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာ အတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့ပြီး ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားအမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အ ရွယ်ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သေဆုံးခဲ့သူများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ထုံးတမ်းအစဉ်အလာများနှင့်အညီကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေး ခန်းသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP