#Local_News
Published 16 May 2025

▪️ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦများ၏  ထိခိုက်ပျက်စီးမှုအခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov (မစ္စတာ အစ်စကန်ဒါ အာဇီဇော့)က ပြောကြားခဲ့သည်။

▪️ ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  အဆောက်အဦများကို ရုရှားနိုင်ငံမှ ပညာရှင်များလာရောက်ပြီး တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  အဆောက်အဦများကို ဆန်းစစ်တိုင်းတာမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်  နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အတူ ရုရှားနိုင်ငံမှ သိပ္ပံအကယ်ဒမီပညာရှင်များမှ လည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ၏  ထိခိုက်ပျက်စီးမှုအခြေအနေများကို စစ်ဆေးပေးသွားမည်ဖြစ်သည်။

▪️ ယင်းသို့ဆောင်ရွက်ရာတွင် အဓိကအနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်တို့အပြင် ဘုရားစေတီတချို့နှင့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ၏ အခြေအနေများကို စစ်ဆေးသွားမည် ဖြစ် ရုရှားသံအမတ်ကြီးက ပြောကြားခဲ့သည်။

▪️ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့်  မန္တလေးငလျင်ကြီးကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးပြီး ဘုရား၊ စေတီ၊ သာသနိက အဆောက်အအုံများနှင့်  လူနေအိမ်အဆောက်အအုံများ  ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ၊ထို့ကြောင့်   ရှရှားအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်  ပါဝင်ကူညီခဲ့ကြသကဲ့သို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများကိုလည်း ဆက်လက်လှူဒါန်းပေးပို့ လျက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times