#Local_News
Published 16 May 2025

▪️ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆင်သေရေလွှဲဆည်မှ စိုက်ပျိုးရေပြန်လည်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။

▪️ ပြီးခဲ့သည့် မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့်မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ရေလှောင်တမံကြီးများ ထိခိုက်ပျက်စီးမှုများမရှိခဲ့သော်လည်း ဆင်သေရေလွှဲဆည်တွင် အလျားပေ ၁၅၀ ခန့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ယာယီပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်၍ ဧပြီ ၈ ရက်တွင် လယ်ယာမြေ ၄၅၂ ဧကကို စိုက်ပျိုးရေစတင်ပြန်လည်ပေးဝေနိုင်ခဲ့ပြီး နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက်တွင် ဆင်သေရေလွှဲဆည်မှာ ဒုတိယအကြိမ်ထပ်မံထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ရကြောင်းသည်။

▪️ ထို့ကြောင့် စိုက်ပျိုးရေ အမြန်ပြန်လည်ပေးဝေနိုင်ရန်အတွက်ဌာနရှိ စက်ယန္တရားကြီးများဖြင့် ယာယီရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများကကြီးကြပ်၍ နေ့/ည မပြတ်ဆောင်ရွက်ခဲ့ရာ လက်ယာတူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား ဧပြီ ၁၇ ရက်တွင် စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး ၂၂၇၉ ဧကကို ရာနှုန်းပြည့် စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times