#Local_News
Published 16 May 2025

▪️ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေး မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၁၃-၅-၂၀၂၅ ရက်တွင် ချုံချင့်မြို့၌ ကျင်းပခဲ့သည့် မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲ၌ လက်မှတ်ရေးထိုးခဲ့‌ကြောင်း သိရသည်။

▪️ အခမ်းအနားကို ချုံချင့်မြူနီစီပယ်အစိုးရနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြား ရေးမှူးချုပ် Mr. Zhang Yongwu နှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်၊ ချုံချင့်မြူနီစီပယ် အစိုးရတာဝန်ရှိသူများ၊ ချုံချင့် မြူနီစီပယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

▪️ ဆွေး‌နွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲများမှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ နေပြည်တော် စက်မှုဇုန်တည်ထောင်မည့်အခြေအနေများ၊ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများအား တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား မိတ်ဆက် ဆွေးနွေးခဲ့ပြီး စက်မှုဇုန်နှင့်ပတ်သက်၍ တက်ရောက်လာသည့်သူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

#YMG/SW #Yangon_Times