#Local_News
Published_22 Jan 2025


▪️ အိန္ဒိယအစိုးရက မြန်မာနိုင်ငံတွင်ပြုလုပ်မည့်အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် (၃)ခု တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

▪️ အဆိုပါစီမံကိန်းများထဲမှနှစ်ခုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၀) ခုရှိ Home Science School ၌ သက်မွေးဝမ်းကျောင်းသင်တန်းနှင့် စာသင်ခန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးခြင်း ပါဝင်ကြောင်း၊ အဆိုပါ စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် ဇန်နဝါရီလ ၂၁ ရက်ကလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

▪️ စီမံကိန်းများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပုသိမ်၊ ရွာငံ၊ စစ်တွေ၊ ဟားခါး နှင့် ထားဝယ် စသည့်မြို့ကြီး (၁၁) မြို့ကို ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ တတိယစီမံကိန်းကို ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုတွင် မူးယစ်ဆေးစွဲခဲ့ကြသူများ ပြန်လည်ထူထောင်ရေးအတွက်အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်း များ ဖွင့်လှစ်ခြင်းနှင့်သင်ကြားရေးအထောက်အကူများ ပေးအပ်ခြင်းတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ယင်းအသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေး အတွက် အိန္ဒိယ ထောက်ပံ့ကူ ညီရေး နားလည်မှုစာချွန်လွှာမူဘောင်ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်တွင် နှစ်ကြိမ် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။

▪️ အဆိုပါအသေးစားဖွံ့ဖြိုးတိုးတက်ရေး မံကိန်း မူဘောင်အရ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့်စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ မျိုးသမီးနှင့် ကလေးဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် စစ်တွေ ကွန်ပျူတာ တက္ကသိုလ်သို့ ကွန်ပျူ တာများ ထောက်ပံ့မှု နှင့် ရခိုင်ပြည်နယ်သို့ ထွန်စက်များနှင့် စပါးရိတ်သိမ်းစက်များ ထောက်ပံ့မှုအပါအဝင် အ ကျိုးသက်ရောက်မှုရှိသည့် စီမံကိန်းများအတွက်ပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP