#Local_News
Published 16 July 2025
▪️ ယနေ့ နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် မြေငလျင်ကို မန္တလေးနှင့် ပြင်ဦးလွင်မြို့များတွင် သိသိသာသာခံစားရကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
▪️ မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးအပြီး ၂၀၅ကြိမ်မြောက် လှုပ်ခတ်ခဲ့သည့်မြေငလျင်သည် ယနေ့နံနက်အစော မနက်၃နာရီ ၂၇မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် (၄) မိုင်ခန့်
ကို ဗဟိုပြု၍အနက် - ၁၀ ကီလိုမီတာအင်အားပမာဏ - ၄.၉ ရစ်(ခ်)တာစကေးဖြင့် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
▪️ "မလှုပ်ခင်အော်သံကြီးကြောင့် လန့်နိုးတာပြီးမှ လှုပ်တာမြောက်ဘက်ကလာတယ်ထင်တယ်။ ၅ ဒသမလောက်ကျော်မယ်ထင်နေတာ၄.၉ကလဲကြောက်စရာကြီး။ လူကအကျင့်ရနေပြီပြေးတာမှ အိမ်ကလူတွေအကုန်ရှေ့တံခါးပြေးဖွင့်သူကဖွင့်နဲ့ပေါ့" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် ပြင်ဦးလွင်မြို့၌လည်း ငလျင်ကို သိသိသာသာခံစားခဲ့ရကြောင်း မြို့ခံများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မျှဝေထားသည်ကိုတွေ့ရသည်။
#YMG/SW #Yangon_Times