#Local_News
Published 16 July  2025

▪️ မန္တလေးမြို့အနီး၌ ယနေ့မနက်ပိုင်းတွင် နာရီခြားပြီး တစ်မနက်ထဲ  ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန နှင့်မြေငလျင်သတင်းများစင်တာမှ သိရသည်။

▪️ မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အ ရမနက်အစောပိုင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သည် မတ်၂၈ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး၏ နောက်ဆက်တွဲ မြေငလျင်အမှတ်စဉ် ၂၀၅
ဖြစ်ပြီး အင်အားပမာဏ - ၄.၉ ရစ်(ခ်)တာစကေး အထိရှိကာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် (၄) မိုင်ခန့် ကိုဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် မြေငလျင်အမှတ်စဉ် ၂၀၆ အဖြစ် အင်အားပမာဏ - ၄.၂ ရစ်(ခ်)တာစကေး အထိရှိသည့် မြေငလျင်တစ်ခုသည်လည်း   ဝမ်းတွင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၇) မိုင်ခန့် ကိုဗဟိုပြုလှုပ်ခတ်ချဲ့ ကြောင်း သိရသည်။

▪️ 'မနက်၃နာရီ ကျော်ကလှုပ်တဲ့  ငလျင်ကအတော်ကြမ်းတယ် ၊ ကြာလည်းကြာတယ်နော် ၊ မန္တလေးနဲ့ ငလျင်ကတော်တော်ကိုပဲ မပြီးတော့ဘူး၊တိုက်ပါ ခါရမ်းသွားတယ် ၊အသံတွေကလည်းပါသေးတယ် ၊ အိမ်အပြင်ပြေးထွက် ကြရတယ် ၊ဒီမနက်တင်သုံးကြိမ်ရှိပြီ၊အကုန်သတိနဲ့နေနေရတယ်' ဟုဒေသခံတစ်ဦးက ပြောသည်။

▪️ ဇူလိုင် ၁၆ရက်နေ့ မနက်၃ နာရီ၂၇ မိနစ်၃၉ စက္ကန့်အချိန်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် (၄) မိုင်ခန့်တွင်အနက် - ၁၀ ကီလိုမီတာကို ဗဟိုပြုသည့် အင်အားပမာဏ -၄.၉ ရစ်(ခ်)တာစကေး ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည့်အပြင် မနက်၇ နာရီ၅၂ မိနစ် ၅၁စက္ကန့်အချိန်တွင်လည်း ဝမ်းတွင်းမြို့၏တောင်-အရှေ့တောင်ဘက် (၇) မိုင်ခန့်တွင် အနက် - ၁၀ ကီလိုမီတာ ကို ဗဟိုပြုသည့်အင်အားပမာဏ -၄.၂ ရစ်(ခ်)တာစကေးရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင် ၁၁ နာရီ၅၃မိနစ်အချိန်တွင်လည်း ဇရက်ကြီး မြို့အနီး၌ အနက် - ၆မိုင်ကို ဗဟိုပြုသည့် အင်အားပမာဏ -၃.၃ ရစ်(ခ်)တာစကေး ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

#YMG/NN #Yangon_Times