#Local_News
Published 16 July 2025
▪️ အာရှဘောလုံးအဖွဲ့ချုပ် (AFC)မှ ကြီးမှူးကျင်းပသည့်AFC Challenge League 2025/26 (Preliminary stage) ပွဲစဥ်တွင်ကလပ်အသင်းပေါင်း ၂၆ သင်းပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပွဲစဉ်ကို လာမည့် ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ AFC Challenge League 2025/26 ဘောလုံးပြိုင်ပွဲ၏ Preliminary stage ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားကြမည့် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်းတို့၏ပွဲစဥ်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းဘောလုံးပြိုင်ပွဲ၏ Preliminary stage ပွဲစဥ်ကို ယခင်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ Lao National Stadium တွင်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ယခုအခါ အဆိုပါ Lao National Stadium KM16 တွင် AFC U-20 Women’s Asian Cup Qualifiers ပြိုင်ပွဲ ကျင်းပနေသဖြင့် ရန်ကုန်ယူနိုက်တက်အသင်းမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် မေတ္တာရပ်ခံလာခဲ့ခြင်းကြောင်း သိရသည်။
▪️ ထိုကဲ့သို့ အိမ်ရှင်နိုင်ငံပြောင်းလဲကျင်းပမည်ဖြစ်သော်လည်း ပြိုင်ပွဲကျင်းပမည့် ရက်ကိုမူ ပြောင်းလဲခြင်းမရှိဘဲ ယခင်သတ်မှတ်ထားသည့်အတိုင်း ဩဂုတ်လ ၁၂ ရက်နေ့၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုပြိုင်ပွဲတွင် အနိုင်ရရှိသည့်အသင်းမှာ AFC Challenge League 2025/26 (Group stage) သို့ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times