#Local_News
Published_11 July 2025
▪️ အရည်အသွေးမြင့် သားရေ ကုန်ကြမ်းထုတ်ကုန်များထုတ်လုပ် ပေးနိုင်ရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
▪️ ယနေ့ ဇူလိုင်လ ၁၀ ရက် တွင် နစက ဥက္ကဌ နှင့် အဖွဲ့ဝင်များက မိတ္ထီလာတပ်နယ်ရှိတပ်မ တော် သားရေစက် ရုံ(မိတ္ထီလာ)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီးနောက် ယင်းက အထက်ပါအတိုင်း ပြောဆိုခြင်းလည်း ဖြစ်သည်။
▪️ တပ်မတော်သားရေစက်ရုံ (မိတ္ထီလာ)အနေဖြင့် ယခုထုတ်ကုန် ပစ္စည်းများ၊ အရည်အသွေးများဖြင့် ကျေနပ်နေ၍ မရဘဲ အရည်အသွေးပိုမိုမြင့်မားသည့် သားရေ ကုန်ကြမ်းထုတ်ကုန်များကို ထုတ်လုပ် ပေးနိုင်ရေး၊ တပ်မတော်နှင့် ပုဂ္ဂလိက သားရေအချောထည် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများအတွက် သားရေကုန် ကြမ်းလို အပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံတကာမှ သားရေထုတ်လုပ်မှုနည်းစဉ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်သွားရန်၊ ဖိနပ်လုပ်ငန်းအတွက်လိုအပ်သည့် သားရေများအပြင် အခြားလုပ်ငန်းသုံးသားရေ ပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက်လည်း အရည်အသွေးမြင့် သားရေများထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။
▪️ တပ်မတော်သား ရေစက်ရုံ(မိတ္ထီလာ)တွင် သားရေရေစိုဌာန၊ သားရေ အချောကိုင်ဌာန၊ သားရေ ဆိုးလ်ဌာနတို့အတွင်း သားရေကုန်ကြမ်း ထုတ်လုပ်နေမှုအဆင့်ဆကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားထားကြောင်း သိရသည်။
#Yangon_Times/PP