#Local_News
Published_11 July 2025

▪️ တောင်ကြီးက ရန်ကုန်သို့ သယ်ဆောင်သည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဖမ်းမိခဲ့ကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။

▪️ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန်လ ၂၆ ရက် ညနေ ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ နယ်၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် တောင်ကြီးမှ ရန်ကုန် သို့ ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါလာသော NISSAN ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေစဉ် အထက်ပါအတိုင်း ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

▪️ ယာဉ်ပေါ်ပါ သံပိုက်လုံး ၄ လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း (၎င်းဒေသ ကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၀၇ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိစိတ်ကြွရူး သွပ်ဆေးပြားများအား သယ်ဆောင်ခိုင်းသူ စိန်ကျော်ဝင်းအား ဇွန်လ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၄)ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

▪️ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများကိုတောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။

#Yangon_Times/PP