#Local_News
Published 11 July 2025
▪️ သြစတြေးလျအနေဖြင့် မိမိတို့ဒေသအတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေးတိုးမြှင့်လုပ်ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူအမျိုးသမီးများနှင့်မိန်းကလေးငယ်များကိုပံ့ပိုးနိုင်ရန်အတွက် လူသားချင်းစာနာမှုအကူအညီ ထပ်တိုးဒေါ်လာ ၁၀ သန်းအား ပေးအပ်မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ထိုထပ်တိုးဒေါ်လာ ၁၀ သန်းအားအင်ဒို-ပစိဖိတ်ဒေသသည် ငလျင်၊ ရေကြီးရေလျှံမှု၊ မိုးခေါင်မှု၊ တိုင်ဖွန်းမုန်တိုင်းများနှင့် မီးတောင်ပေါက်ကွဲမှုများအပါအဝင် ဘေးအန္တရာယ်များကို အထူးကြုံတွေ့ခံစားရသည့်ဒေသဖြစ်ရာသြစတြေးလျသည် Australian Red Cross ၊ Australian Humanitarian Partnership တို့နှင့်လက်တွဲ၍ ဒေသခံ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် Red Cross National Societies တို့ ဒေသအတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအဆောတလျင်ကူညီလုပ်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ဒေါ်လာ ၆ သန်းပေးအပ်မည်ဖြစ်ပြီးမြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အကူအညီနှင့်ဝန်ဆောင်မှုများပေးအပ်နိုင်စေရန် United Nations Population Fund သို့လည်း ဒေါ်လာ ၄ သန်းပေးအပ်ပါမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုပံ့ပိုးမှုသည် UNFPA အနေဖြင့် မိခင်၊ ကလေးနှင့် မွေးကင်းစစောင့်ရှောက်ရေးဆိုင်ရာ၊ ကျား-မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာအကူအညီများပေးအပ်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ပြီးLocal ownership နှင့် ရေရှည်တည်တံ့မှုတို့ဖြစ်တည်ရရှိစေရန်အတွက် သြစတြေးလျ၏ အကူအညီများကို ဒေသခံလည်ပတ်ဆောင်ရွက်မှုစနစ်များနှင့် မိတ်ဖက်များမှတဆင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times